Home
Home
 
 
ဖြူးဆရာတော်ဘုရား ပျံလွန်တော်မူခြင်း
ဆရာတော်၏ အထုပ္ပတ္တိအကျဉ်း
ပရဟိတလုပ်ငန်းနှင့် အဓိဌာန်ချက်
သာသနာပြုဆောင်ရွက်ချက်များ
ပြည်ပသာသနာပြုခရီးစဉ်များ
ဟောကြားတော်မူသောတရားတော်များနှင့်
ရေးသားပြုစုခဲ့သောကျမ်းဂန်များ
ရှေ့သာသနာပြုလုပ်ငန်းစဉ်များ
ဆက်သွယ်လှူဒါန်းရန်လိပ်စာ
 
 
 
သာသန၀ုဍ္ဎိုကာရီသိမ်တော်
"သူတော်စင်အပေါင်းတို့အား တိုက်တွန်းနှိုးဆော်လွှာ"
ဓမ္မရက္ခိတ ဖြူးမဟာစည်
သာသနာ့ရိပ်သာ အတွင်း၌
သာသန၀ုဍ္ဎိုကာရီသိမ်တော်ကြီး
ဆောက်လုပ်မည် ဖြစ်ပါ၍ မိမိတို့သဒ္ဓါတရားစွမ်းအားရှိသမျှ
နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း
အလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်။
 
ကျေးဇူးတော်ရှင် ဖြူးဆရာတော် ဘဒ္ဒ န္တနရပတိ ဘ၀နတ်ထံ စံလွန်တော်မူခဲ့ရာ
(၂) လပြည့်ပူဇော်ပွဲ နှင့်
အသစ်တည်ဆောက်မည့် သုံးထပ်ဆွမ်းစားကျောင်းဆောင်သစ် အလှူတော်ငွေ ပေးအပ်ပွဲ ဖိတ်ကြားလွှာ


ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာကြီးကို တည်
ထောင်တော်မူခဲ့သော ကျေးဇူးတော်ရှင် ဖြူးဆရာတော် ဘဒ္ဒ န္တနရပတိ အရှင်သူမြတ်ကြီး၏ ဘ၀နတ်ထံစံလွန်တော်မူခဲ့ရာ (၂)လပြည့်မြောက် ကျရောက်ရာ၌ ကုသိုလ်တရားများကို ဆရာတော်ဘုရားကြီး
အတွက် ရည်မှန်း၍ ကျေးဇူးတရားများကို နှမြောတသ အောက်မေ့ကြလျက် ကျေးဇူးဆပ်ကုသိုလ်ပြုပူဇော်ပွဲ
ကျင်းပပြုလုပ်ခြင်းနှင့် သုံးထပ် ဘောဇနသာလာ ဆွမ်းစားကျောင်းဆောင်အသစ် ဆောက်လုပ်ရန် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနား ကုသိုလ်ပွဲများ ကျင်းပပြုလုပ်ရာ၌ ဘုရား အမှူးရှိသော သံဃာတော်၊ အရှင်သူမြတ်များပင့်ဖိတ်၍ လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ ဆက်ကပ်လှူဒါန်းပြီး၊ ရေစက်ချအမျှအတန်းပေးဝေ
မည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အကျိုးဆောင်အဖွဲ့နှင့် တပည့်ဒါယကာ၊ ဒါယိကာမများ

အစီအစဉ်

နေ့ရက် ၁၃၇၁-ခုနှစ်၊ တပို့တွဲလဆန်း (၅) ရက်
(၁၉-၁-၂၀၁၀) အင်္ဂါနေ့
ဌာန
အခမ်းအနားကျင်းပချိန် နေ့လည် (၁၂း၀၀) နာရီ
ဧည့်ခံချိန် နံနက် (၉း၀၀) နာရီ မှ (၁၁း၀၀) နာရီထိ။
မှတ်ချက် ရေစက်ချ အထူးတရားပွဲကြီးကို
၁၃၇၁ - ခုနှစ်၊ တပို့တွဲလဆန်း (၅) ရက်၊ ၁၉-၁-၂၀၁၀ (အင်္ဂါနေ့)၊
မွန်းလွဲ (၁း၀၀) နာရီ အချိန်တွင်
ဒေါက်တာ အရှင်ဥာဏိဿရ - သီတဂူဆရာတော်
အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဗနဟိဘဓရ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
ရေစက်ချ အနုမောဒနာတရားတော် ချီးမြှင့်ဟောကြားမည်ဖြစ်ပါသည်။
 
 
Copyright © 2006 Phyu Sayadaw. All rights reserved.

Mahāsī Sāsana Yeiktha,
Yonekyi Quarter,Pinsin Street, Phyu, Bago Division, Myanmar.