www.phyusayadaw.com
ဖြူးဆရာတော်ဘုရား ပျံလွန်တော်မူခြင်း
ဆရာတော်၏ အထုပ္ပတ္တိအကျဉ်း
ပရဟိတလုပ်ငန်းနှင့် အဓိဌာန်ချက်
သာသနာပြုဆောင်ရွက်ချက်များ
ပြည်ပသာသနာပြုခရီးစဉ်များ
ဟောကြားတော်မူသောတရားတော်များနှင့်
ရေးသားပြုစုခဲ့သောကျမ်းဂန်များ
ရှေ့သာသနာပြုလုပ်ငန်းစဉ်များ
ဆက်သွယ်လှူဒါန်းရန်လိပ်စာ
ကျေးဇူးတော်ရှင်
ဖြူးဆရာတော် ဘဒ္ဒ န္တနရပတိ
ဘ၀နတ်ထံ စံလွန်တော်မူခဲ့ရာ
(၂) လပြည့်ပူဇော်ပွဲ
နှင့်
အသစ်တည်ဆောက်မည့်
သုံးထပ်ဆွမ်းစားကျောင်းဆောင်သစ် အလှူတော်ငွေ ပေးအပ်ပွဲ
ဖိတ်ကြားလွှာ
ပိုမို၍အသေးစိတ်သိရှိလိုလျှင် ...
အသစ်တည်ဆောက်မည့်
အမျိုးသမီးယောဂီ
သုံးထပ် ဆွမ်းစားကျောင်း
သူတော်စင်အပေါင်းတို့အား
တိုက်တွန်းနှိုးဆော်လွှာ
ပိုမို၍အသေးစိတ်သိရှိလိုလျှင် ...
သာသန၀ုဍ္ဎိုကာရီသိမ်တော်
"
သူတော်စင်အပေါင်းတို့အား တိုက်တွန်းနှိုးဆော်လွှာ
"
ဓမ္မရက္ခိတ ဖြူးမဟာစည်
သာသနာ့ရိပ်သာ အတွင်း၌
သာသန၀ုဍ္ဎိုကာရီသိမ်တော်ကြီး
ဆောက်လုပ်မည် ဖြစ်ပါ၍ မိမိတို့သဒ္ဓါတရားစွမ်းအားရှိသမျှ
နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း
အလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်။
ပိုမို၍အသေးစိတ်သိရှိလိုလျှင် ...
(၁၅) ကြိမ်
မဟာစည်သတိပဋ္ဌာန် ၀ိပဿနာ
ဟေမန္တ ဆောင်းရာသီ
(၁၅)ရက် တရားစခန်း
ဖိတ်ကြားလွှာ
ပိုမို၍အသေးစိတ်သိရှိလိုလျှင် ...
ဓမ္မကထိက အကျော် ဖြူးဆရာတော် လောင်းလျာသည် မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦး
မြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် ခမည်းတော်ဦးဘလွင်
+ မယ်တော်ဒေါ်ဒေါ်မေတို့မှ ကောစာ သက္ကရာဇ် ၁၃၀၃
ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၈)ရက်၊ ခရစ်နှစ် ၁၉၄၂ခုနှစ်၊
ဖေဖော်ဝါရီလ (၇)ရက် စနေနေ့တွင် ဖွားမြင်တော်မူခဲ့
သော အတိဇာတ သားထူးသားမြတ် သားရတနာဖြစ်ပါ
သည်။
ကောဇာသက္ကရာဇ် ၁၃၁၅ခုနှစ်၊ ခရစ်နှစ် ၁၉၅၃ ခုနှစ် ၁၃
နှစ်သားအရွယ်တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး
ပစ္စည်းလေးပါးအလှုရှင်မှာသာသနဓဇသိရီပ၀ရဓမ္မာစရိယ
ဘွဲ့ရ သီလရှင်ဆရာကြီး ဒေါ်ပညာသိင်္ဂီဖြစ်ပါသည်။ ဥပ
ဇ္ဈာယ်ဆရာတော်မှာစစ်ကိုင်းတောင်ရိုးလေးကျွန်းသာယာ ချောင်ဆရာတော် ဘဒ္ဒ န္တ ဇောတ၀ရ မဟာ ထေရ်မြတ်
ဖြစ်ခဲ့ပြီး
ရှင်နရပတိ
ဟုဘွဲ့အမည် ချီးမြှင့်တော်မူခဲ့ပါသည်။
ကောဇာသက္ကရာဇ်၁၃၂၀ခုနှစ်၊ ခရစ်နှစ် ၁၉၅၈ခုနှစ်၊ ၁၇နှစ်သားအရွယ်တွင် ပထမကြီးတန်းကို အောင်မြင်တော်
မူခဲ့ပါသည်။ ကောဇာ သက္ကရာဇ် ၁၃၂၃ခုနှစ် ခရစ်နှစ် ၁၉၆၁ခုနှစ်တွင် မန္တလေးမြို့၊ ဥပုသ်တော်ကုန်း ၄၁လမ်းနေ ဒေါ်သောင်းစိန်၊ ဒေါ်မမ ညီအစ်မ တစ်စုတို့၏ ပစ္စယာနုဂ္ဂဟဖြင့်
ဦးနရပတိ
ဟူသော ဘွဲ့အမည်တော်ဖြင့်ပင် မြင့်မြတ်သော သာသနာတော် ၀န်ထမ်း ရဟန်းပဉ္ဇင်း အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဥပဇ္ဈာယ် ဆရာတော်မှာလည်း စစ်ကိုင်းတောင်ရိုး၊ လေးကျွန်းသာယာချောင်ဆရာတော် ဘဒ္ဒန္တဇောတ၀ရ ထေရ်မြတ်ကြီးပင် ဖြစ်သည်။
မန္တလေးနည်း၊ ပခုက္ကူနည်းတို့ကို အာစရိယဟတ္ထမုဌိ လက်ကိုင် ရရှိသည်အထိ နာမည်ကျော်ကြား ဆရာတော်
များထံဝယ် သင်ယူတတ်မြောက်တော် မူခဲ့ပါသည်။ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋိကာ၊ အနု၊ မဓု၊ ဂဏ္ဍိ ယောဇနာ စသည်တို့ကို ကျမ်းတတ်အကျော် ဆရာတော်များထံတော်တွင် စာပေကျမ်းဂန် နှံ့စပ်ကျွမ်းကျင်တော်မူသည်
အထိ သင်ယူခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၃၂၄ခုနှစ် ခရစ်နှစ် ၁၉၆၂ - ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကျင်းပ
သော ဓမ္မာစရိယ စာမေးပွဲကြီးကို အောင်မြင်တော်မူ၍
"သာသနဓဇ ဓမ္မာစရိယ’’
ဘွဲ့တံဆိပ်တော်ကို အလှူ
ခံရရှိတော်မူခဲ့ပြီး စစ်ကိုင်း တောင်ရိုး၊ လေးကျွန်း သာယာချောင်နှင့် ပဲခူးတိုင်း၊ ဖြူးမြို့ ပင်စင်လမ်း မဟာစည် သာသနာ့ရိပ်သာတို့၌ တပည့် ရဟန်း၊ သာမဏေ၊ သီလရှင် ဆရာလေးတို့အား ပရိယတ္ထိစာပေများကို ကြိုးစား
ပို့ချတော်မူခဲ့ပါသည်။ အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီး၏ ညွှန်ကြားမှု
အောက်တွင် မဟာသတိပဌာန် ၀ိပဿနာ တရားတော်များကို အားထုတ်တော်မူခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော်ကတည်းက ဆဌသိင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင်မဟာစည် ဆရာတော်ဘုရားကြီး
က ရဟန်းတော် ဦးနရပတိအား ဖြူးမြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ သာသနာပြုတာဝန်များ ဆောင်ရွက်နိုင်
ရန် ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ခန့်အပ်တာဝန်ပေးခြင်း ခံယူခဲ့ရပါသည်။
ဖြူးဆရာတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အနည်းဆုံး (၁၀)ရက်ကြာ တရား စခန်း ဌာနပေါင်း (၃၀)ကျော်တို့ကို နှစ်စဉ် နှစ်တိုင်း ကိုယ်တော်တိုင် ဦးဆောင်၍ တပည့် ဓမ္မ
ကထိကများဖြင့် ဖွင့်လှစ်၍ သာသနာပြုတော် မူခဲ့ပါသည်။
ဆရာတော်သည် ပဲခူးတိုင်း၊ ဖြူးမြို့ မဟာစည်သာသနာ့ရိပ်
သာ၌ ၀ါတွင်း (၃)လကာလပတ်လုံး ၀ိပဿနာတရားစခန်း ဖွင့်လှစ်၍ ၀ိပဿနာ တရားတော်များကို ဟောကြား ပြသ
တော်မူပြီး အထူးအားဖြင့် အနာဂတ် မျိုးဆက်သစ် ရဟန်း
တော်များအား တရားထိုင်နည်း၊ တရားဟောနည်း၊ တရားပြ
နည်းတို့ကို ကမ္မဌာနာ စရိယ ဓမ္မကထိကများ ဖြစ်သည့်
အထိ ညွှန်ကြား ပြသတော်မူသောကြောင့် အဂ္ဂမဟာ ကမ္မ
ဋ္ဌာနာစရိယ မဟာဓမ္မကထိကအဖြစ်ဖြင့်ထင်ရှားကျော်ကြား
တော်မူပါသည်။
ကောဇာ သက္ကရာဇ် ၁၃၅၃ ခုနှစ်၊ ၁၉၉၁ခုနှစ်တွင် နိုင်ငံတော်
အစိုးရမှ
ဓမ္မကထိက ဗဟုဇနဟိတဓရ
ဟူသော ဓမ္မကထိက ဘွဲ့တံဆိပ်တော်ကိုဆက်ကပ်လှူဒါန်းခြင်း ခံယူ
ခဲ့ရပါသည်။
ဆရာတော်ရေးသားတော်မူခဲ့သော စာအုပ်များမှာ -
၁။ မီးလောင်ပြင်မှာ ပွင့်သောပန်း
၂။ နတ်တို့တမ်းတ လူ့ဘဝ
၃။ ဘေးလွတ်ရာသွား အိုလူသား
၎။ ရတနာ ထိုက်တဲ့ ချစ်သမီး
၅။ မဂ္ဂင် ရှစ်တန် ရထားပျံ
၆။ ၀ိပဿနာအကျိုး ချစ်မြတ်နိုး
၇။ ဖေဏပိဏ္ဍုပမာသုတ္တန် အနိစ္စ တရားတော်
၈။ ပါရမီ တရားတော်
၉။ တရားဂုဏ်တော် ရှိပူဇော်
၁၀။ သာသနာ့အောင်ပွဲ အသက်နှင့်လဲ၍
၁၁။ မိဘကျေးဇူးမကျေ ငါမသေဘူး
၁၂။ လှသောည၏ တရားအလင်္ကာ
၁၃။ လှူကထိန် မြတ်သင်္ကန်းရယ်နှင့် မဂ်လမ်းကိုရွယ် တို့ဖြစ်ကြပါသည်။
ဆရာတော်သည် ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ သြစတေးလျ၊ ဂျပန်၊ အင်္ဂလန်၊ ကနေဒါ၊ အမေရိကန် စသော နိုင်ငံများသို့ပါကြွရောက်တော်မူ၍ မြတ်ဗုဒ္ဓ၏ ၀ိပဿနာ တရားတော်များကို ဟောကြား
ပြသတော်မူခဲ့ပါသည်။ ဆရာတော်သည် ဆီးချို စသော ရောဂါဝေဒနာများ ခံစားနေရသည့်အပြင် ကျောက်ကပ်
မကောင်းတော့သဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရာမနိုင်းဆေးရုံ၌ ကျောက်ကပ်အစားထိုး လဲလှယ်ခဲ့ရသဖြင့် ဆရာဝန်များနှင့် တပည့် ဒကာ၊ ဒကာမများမှ နားနားနေနေ သာသနာပြုတော်မူရန် လျှောက်ထားကြသော်
လည်း ဓမ္မပလ္လင်ပေါ်မှာ တရားဟောကြားရင်း ပျံလွန်တော်မူပါစေ တရားဟောတရားပြ ဆက်လက်၍သာသနာ
ပြုနေမည်ဟု ရဲရင့်စွာ ပြန်လည်၍ မိန့်ကြားတော်မူမြဲ ဖြစ်ပါသည်။
ဆရာတော်သည် တရားဟော၊ တရားရှုမှတ် စသည့် အတ္တဟိတ၊ ပရဟိတ ကောင်းရာ ကောင်းကျိုး၊ အမျိုး
ဘာသာ၊ သာသနာအတွက် ဆောင်ရွက်တော်မူရင်းပင် သက်တော် (၆၉) ၀ါတော်(၄၉) ၀ါအရ ကောဇာသက္က
ရာဇ် ၁၃၇၁ ခုနှစ်၊ နတ်တော်လဆန်း (၈) ရက်၊ အင်္ဂါနေ့၊ ခရစ်နှစ် ၂၀၀၉ခုနှစ် နိုဝင်ဘာလ (၂၄) ရက်၊ နံနက် (၆) နာရီ (၅၀) မိနစ်တွင် တစ်ဘ၀ တစ်ဇာတ်၊ အဆုံးသတ် ရုပ်သိမ်း၍ ချုပ်ငြိမ်းတော်မူခဲ့ပါသည်။
ဖြူးမြို့ ဖြူးချောင်းတွင် ဆရာတော်ဘုရားကြီး၏ အရိုးပြာမျှောစဉ် ကောင်းကင်မှ ထူးခြားစွာ သက်တန့်ကြီး ပေါ်ထွက်လာပုံ
Copyright © 2006 Phyu Sayadaw. All rights reserved.
Mahāsī Sāsana Yeiktha,
Yonekyi Quarter,Pinsin Street, Phyu, Bago Division, Myanmar.