သူတော်စင်အပေါင်းတို့အား တိုက်တွန်းနှိုးဆော်လွှာ
ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာအတွင်း၌ အမျိုးသမီးယောဂီ သုံးထပ်ဆွမ်းစားကျောင်း အကောင်
အထည်ဖော် ဆောက်လုပ်မည်ဖြစ်ပါ၍ မိမိတို့ သဒ္ဓါတရား စွမ်းအားရှိသမျှ နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါ
ကြောင်း အလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်။
အကျိုးတော်ဆောင်အဖွဲ့ - ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ် (၅) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈၊ ၅၀၁၈၄၆ (Ext-၁၈၁)၊ ၀၉၅၀-၁၇၅၅၄
လှူဒါန်းရန် ခေါင်းစဉ်များ
| ၁။ |
သံကွန်ကရစ်ကြမ်းခင်း |
၁ ထပ်လျှင် |
၁၅၀, ၀၀၀, ၀၀ |
( ၁၅၀ သိန်း ) |
| ၂။ |
မြေညီထပ် နံရံ |
၁ ခန်းလျှင် |
၁၀၀၀၀၀ |
( ၁၀ သိန်း ) |
| ၃။ |
ပထမထပ်နှင့် ဒုတိယထပ်အိပ်ခန်း |
၁ ဦးနေ |
၃၀၀၀၀၀ |
( ၃ သိန်း ) |
| |
|
၂ ဦးနေ |
၆၀၀၀၀၀ |
( ၆ သိန်း ) |
| |
|
၎ ဦးနေ |
၁၂၀၀၀၀၀၀ |
( ၁၂ သိန်း ) |
| ၄။ |
လှေခါး |
၁ ထပ်လျှင် |
၁၀၀၀၀၀၀ |
( ၁၀ သိန်း ) |
| ၅။ |
ရေချိုးခန်း |
၁ ခန်းလျှင် |
၁၀၀၀၀၀၀ |
(၁၀ သိန်း ) |
| ၆။ |
ကုဋီ (အိမ်သာ) |
၁ ခန်းလျှင် |
၃၀၀၀၀၀ |
( ၃ သိန်း ) |
| ၇။ |
မျက်နှာကျက် |
၁ ကျင်း |
၂၀၀၀၀၀ |
( ၂ သိန်း) |
| ၈။ |
အ၀င်တံခါးမကြီး |
၁ စုံလျှင် |
၂၀၀၀၀၀ |
( ၂ သိန်း ) |
| ၉။ |
၆' x ၄' တရုတ်ကပ်မှန် |
၁ ပေါက် |
၁၀၀၀၀၀ |
( ၁ သိန်း ) |
| ၁၀။ |
၆' x ၄' သံပန်း |
၁ ချပ် |
၆၀၀၀၀ |
( ၆ သောင်း ) |
| ၁၁။ |
ကျောင်းဆောင်နံရံ |
၁ ကျင်း |
၅၀၀၀၀ |
( ၅ သောင်း ) |
| ၁၂။ |
ပြတင်းတံခါး |
၁ ချပ် |
၃၀၀၀၀ |
( ၃ သောင်း ) |
| ၁၃။ |
သတ္တုအမိုး |
၁ ချပ် |
၂၀၀၀၀ |
( ၂ သောင်း ) |
ဒါန ဒါန ပြုကြခါခါ ပုညပုည ပြုကြမကွာ
နတ်လူရှင်ထူး ကျေးဇူးကြွယ်ရာ မြတ်ဘုရား မိန့်ကြား ထောမနာ ...
| မလှူသူထက် |
လှူဖက်သူမှာ |
| အာယုဝဏ္ဏ |
သုခယသာ |
| ဓိပေတယ် |
ဂုဏငါးဖြာ |
| လွှမ်းမိုးငြား |
ထူးခြား နတ်ချမ်းသာ။ |
ကျောင်း လှူရကျိုး
အေး ပူ စသား ဘေးရန်များ ပယ်ရှား ကင်းစေသည်။
ကိန်းအောင်းနေရန် ချမ်းသာရန် အမှန်ဖြစ်ပေသည်။
ဈာန်ဝင်စားရန် ရှုမှတ်ရန် ဧကန် သင့်ပေသည်။
ကျောင်းလှူသူဟာ မျိုးစုံပါ လှူရာ ရောက်ပေသည်။
နေ့ ညဥ့် မခြား ကုသိုလ်များ ဖြစ်ပွားလေတော့သည်။
ကျောင်းအလှူရှင် တရားမြင် ခုပင် ငြိမ်းနိုင်သည်။
မဟာစည်ဆရာတော်
|
ကျောင်း လှူရကျိုး
ကျောင်းကိုလှူပြန် အလှူခံလဲ
မူမှန်မလွဲ ကျိုးများသရှင်၊
အေးပူဘေးရန် အမှန်တားလို့
ခြင်္သေ့သစ်ကျား ကင်းဝေးစင်
မှက်ခြင်နေပူ လေပူကင်းလို့
ချမ်းသာခပင်း ပြည့်စုံအင်
လောကီဈာန်ဝင် ၀ိပဿနာပွား
ဥာဏ်စဉ်စားစား တိုးပွားနှင်၊
အဲဒါနောက် မဂ်ရောက်ဖိုလ်ရောက်
ဆိုက်ရောက်နိဗ္ဗာန်ဝင်။ ။
ဘဒ္ဒ န္တနရပတိ
ဖြူးဆရာတော် |
|
မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒ န္တ၀ိစိတ္တသာရာဘိဝံသ ၏
တိဏကုဋိ ဒါယကထေရာပဒါန် နှင့်အညီဖွဲ့ဆိုထားသော
ကျောင်းလှူရကျိုး (၇) ပါး |
သုံးတန်စေတနာ ညီညွတ်စွာဖြင့် သာသနိက ၀ိဟာရကျောင်း တန်ဆောင်းအလှူ ဆောက်လှူသူတို့ ကြီးထူ
ကဲဝှန် ကျိုးရဟန်ကို ကျမ်းဂန်ထောက်ချင့် နိဒါန်းဖွင့်သော်
(၁) နတ်နှင့်လူနှယ် သန္ဓေတွယ်၍
(၂) စိတ်ဝယ်တောင့်တ၊ ဆောက်အုံရ၏
(၃) မထကြက်သီး၊ ကိုယ်လည်းမလှုပ် ကြောက်ရုပ်မထင် ထိတ်လန့်စင်၏
(၄) ခြင်္သေ့ သစ်ကျား သားရဲများနှင့် ဖမ်းစားကလူ နှိပ်စက်မူသား
တောသူ ဘုတ်ပြိတ်၊ အဆိပ်ထန်ပြင်း မြွေနှင့်ကင်းက အဆင်းဖောက်ပြန် ကုမ္ဘာဏ် ရက္ခိုက် နတ်မိုက်ရန်ပေါင်း
ဘေးလွတ်ရှောင်း၏
(၅) မကောင်းအိပ်မက် မမြင်မက်ဘူး
(၆) ထင်လျက်သတိ ခိုင်မြဲဘိ၍ ၀ိပရိဏံ ဖောက်ပြန်စိတ်ရင်း ရူးသွတ်ခြင်းမှ ရှင်းရှင်းလွတ်ရှောင်း ကျိုးဆက်
ကောင်း၏
(၇) နောက်နှောင်းဘ၀ ပစ္ဆိမ၀ယ် ဂုဏကဲပို အရဟတ္တဖိုလ်ဟု ထိုထိုကျေးဇူး လွန်ပြန့်ပြူးသည် ဆောက်ဦး
လှူကျိုး "ခုနှစ်" တည်း။
သာသနိက အဆောက်အဦများများကို
တသီးပုဂ္ဂလ အလှူရှင် အနေအားဖြင့်ဖြစ်စေ
စုပေါင်းအလှူရှင် အနေအားဖြင့်ဖြစ်စေ
ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမ အဖြစ်
ခံယူတော်မူကြပါရန် အသိပေးနှိုးဆော် တိုက်တွန်းအပ်ပါသည်။ |
|