| မဟာစည်သာသနာ့ရိပ်သာ၏ (၁၅)ရက် တရားစခန်း ဖိတ်ကြားလွှာ
|
|
ဓမ္မရက္ခိတ ဖြူးမဟာစည်
သာသနာ့ရိပ်သာ
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
(၁၅) ကြိမ်
မဟာစည်သတိပဋ္ဌာန် ၀ိပဿနာ
ဟေမန္တ ဆောင်းရာသီ
(၁၅)ရက် တရားစခန်း
ဖိတ်ကြားလွှာ
|
|
မဟာစည်ဝိပဿနာ (၁၅)ရက် တရားစခန်းအစီအစဉ်
(၁၅)ရက် တရားစခန်းတွင် တရားဟော တရားပြ ကမ္မဌာနစရိယ အဖြစ် လှိုင်မြို့နယ်၊ (၅)ရပ်ကွက်၊ ဓမ္မရက္ခိတ
ဖြူးမဟာစည်သာသနာ့ရိပ်သာ ပဓာန နာယက သာသနဓဇ ဓမ္မာစရိယ ဓမ္မကထိက ဗဟုဇနဟိတ
ဓရ ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ မှ ဦးစီး၍ သတိပဋ္ဌာန်ဝိပဿနာ တရားတော်တို့ကို ဟောဖော်ညွှန်ပြမည်
ဖြစ်ပါသည်။
ရခဲသော လူ့ဘ၀ကို ရရှိနေသည့်အချိန်တွင် ကြားနာရခဲ၊ ကျင့်ကြံ အားထုတ်ရခဲသော သတိပဋ္ဌာန်
ဝိပဿနာ
တရားကိုအားထုတ်နိုင်ရန် အခါကောင်း ကြုံနေပါပြီ။
သို့ပါ၍ ရရှိထားသည့် ဘ၀တစ်ခုကို အရင်းတည်ကာ ငြိမ်းအေးသော ဘ၀ပိုင်ရှင်မှသည် ငြိမ်းချမ်းရွှေပြည်
မြတ်နိဗ္ဗာန်ဆီသို့ ရောက်ဖို့ရာ သတိပဋ္ဌာန် ၀ိပဿနာတရားကို ရှုမှတ်ပွားများ အားထုတ်ကြရန် အသိပေးတိုက်
တွန်း အပ်ပါသည်။ |
|
ယောဂီစာရင်းပေးသွင်းရန်
၁။ အိပ်ယာလိပ်နှင့် မှတ်ပုံတင်ကဒ်ပြားမိတ္တူပါ တစ်ပါတည်း ယူဆောင်လာရပါမည်။
၂။ ယောဂီဦးရေ ကန့်သတ်ထားခြင်းရှိပါသဖြင့် ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။
၃။ ချမှတ်ထားသော ရိပ်သာစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရပ်မည်။
၎။ တရားအားထုတ်လိုသူ ယောဂီများသည် တရားအားထုတ်နိုင်လောက်သည့် ကျန်းမာရေးနှင့်ပြည့်စုံရပါမည်။
၅။ ယောဂီများ နေထိုင်ရေး၊ ကျန်းမာရေး၊ စားသောက်ရေးကို စိတ်ချမ်းသာစွာ တရားအားထုတ်နိုင်ရန်အတွက်
ကုသိုလ်ဖြစ် ဝေယျာဝစ္စ အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားပါသည်။
၆။ တရားအားထုတ်လိုသူများသည်
ဖုန်း - ၅၃၀၀၆၈
၅၀၁၈၄၆ (လိုင်းခွဲ - ၁၈၁)
၀၉ ၅၀ ၁၇၅၅၄ သို့ စာရင်းပေးသွင်းနိုင်ပါသည်။ |
|
(၁၅)ရက် တရားစခန်းကာလအတွင်း မိမိတို့ ကြိုက်နှစ်သက်သောနေ့များ၌ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါသည်။
| ၁။ |
အရုဏ်ဆွမ်းအတွက် |
၆၀၀၀၀ိ/- |
(ခြောက်သောင်းကျပ်) |
| ၂။ |
နေ့ဆွမ်းအတွက် |
၁၂၀၀၀၀ိ/- |
(တစ်သိန်းနှစ်သောင်းကျပ်) |
| ၃။ |
ညနေဖျော်ရည် |
၂၀၀၀၀ိ/- |
(နှစ်သောင်းကျပ်) |
| ၄။ |
တစ်နေ့တာအတွက် |
၂၀၀၀၀၀ိ/- |
(နှစ်သိန်းကျပ်) |
ဓမ္မပူဇာအလှူ၊ ဆွမ်းပဒေသာပင်အလှူ၊ မီး၊ ရေ၊ ဝေယျဝစ္စအလှူ တို့ကို ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ |
|
* တရားအားထုတ်သော ယောဂီများသည် မိမိတို့သဒ္ဓါ စွမ်းအားရှိသမျှ ပါဝင်လှူဒါန်းနိုင်ပါသည်။
* အထက်ပါအလှူများကို တစ်ဦးတည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ လှူဒါန်းနိုင်ပါသည်။ |
အကျိုးဆောင်အဖွဲ့
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ |